We Follow “Atom for Peace”!

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးသာမက နျူကလီးယား လက်နက်မပြန့်ပွားရေးကိုလည်းအလေးထားဆောင်ရွက်လျက်ရှိ

                                ပညာရေးဝန်ကြီးဌာန အဏုမြူစွမ်းအင်ဦးစီးဌာန၊ ဂျပန်အဏုမြူစွမ်းအင် အေဂျင်စီ(Japan Atomic Energy Agency-JAEA)နှင့်အမေရိကန် ပြည်ထောင်စု စွမ်းအင်ဌာန (Department of Energy-USDOE) တို့ကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ၏ နျူကလီယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ် စောင့်ကြပ်ရေး သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်နှင့် နျူကလီးယား ဆက်စပ် ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်ကနေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ကိုငြိမ်းချမ်းစွာ အသုံးချရေးအတွက် နျူကလီးယားလက်နက် ဖျက်သိမ်းရေးသာမက နျူကလီးယားလက်နက်မပြန့်ပွားရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။ ယခုဆွေးနွေးပွဲသည် အပြည်ပြည်ဆိုင်ရာလက်နက် ဖျက်သိမ်းရေး အသိုက်အဝန်းနှင့်ထိတွေ့ဆောင်ရွက်နိုင်သည့်အခွင့်အရေး တစ်ခု ဖြစ်ပါကြောင်း၊နျူကလီးယားလက်နက်ဖျက်သိမ်းရေးသည် နျူကလီးယားကင်းစင်သည့်ကမ္ဘာအား တည်ဆောက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါကြောင်း။

          မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်(Resolutions)များကို ၁၉၉၅ ခုနှစ်ကစတင်သည့် First Committee မှစ၍ နှစ်စဉ်သဘောတူလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို ၁၉၉၂ ခုနှစ်ဒီဇင်ဘာ ၂ ရက်တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ယခုဆွေးနွေးပွဲသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေးသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို အကောင်အထည်ဖော်ရန်အတွက် အတွေ့အကြုံကောင်းများ ရရှိမည် ဟုယုံကြည်ပါကြောင်းနှင့်နျူကလီးယာဆက်စပ်ပစ္စည်းများအားခွဲခြားသတ်မှတ်ခြင်း ကို ပိုမိုနားလည်သိရှိလာမည်ဟု ယုံကြည်ကြောင်းပြောကြားသည်။