(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်ရင်ပြင် တွင် ကျင်ပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပြပွဲပြိုင်ပွဲတွင် အဏုမြူစွမ်းအင်ဦးစီးဌာနမှ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပြခန်းတွင် ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ အဏုမြူစွမ်းအင်ဦးစီးဌာနပြကွက်အား ညွှန်ကြားရေးမှူးချုပ်၊ အဏုမြူစွမ်းဦးစီးဌာနမှ ဦးစီး၍ သက်ဆိုင်ရာ ပြခန်းတာဝန်ရှိသူများမှ နေ့စဉ် ပြသသွားမည်ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်ပေးနည်းပညာ အသုံးပြု၍ အစားအစာ နှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား တန်ဘိုးမြှင့် စေနိုင်ခြင်း၊ တာရှည်ခံစေခြင်း၊ စက်မှုထုတ်ကုန်များအား အရည်အသွေး မြှင့်တင်ပေးနိုင်ခြင်း၊ သဘာဝ တွင်းထွက် ကျောက်မျက်များအား အရောင်မြှင့်တင်၍ တန်ဘိုးမြှင့်တင်ခြင်းနှင့် ဓာတ်ရောင်ခြည်အသုံးချ လုပ်ငန်းများ အားဆောင်ရွက်နိုင်ခြင်း၊ MSME လုပ်ငန်းအတွက် တန်ဘိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သည့်စီးပွားဖြစ် ဓာတ်ရောင်ခြည်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် အဏုမြူစွမ်းအင်ဦးစီးဌာနမှ (Gamma Chamber 5000 (Category I))အသုံးပြု၍ အောင်မြင်စွာသုတေသနပြုလုပ်ဆောင်ခဲ့သော လုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများအားပြပွဲတွင် ခင်ကျင်းပြသသွားမည်ဖြစ်ပါသည်။






