DEPARTMENT OF ATOMIC ENERGY

ANNOUNCEMENT

  • No person shall, without a license, utilize, produce, store, distribute or sell nuclear material, radioactive materials or irradiation apparatus.

  • No person shall without prior permission of the Department, import or export nuclear material, radioactive materials or irradiation apparatus.

တည်ဆဲအဏုမြူစွမ်းအင်ဥပဒေ၏ အခန်း(၁၂)၊ “တားမြစ်ချက်များ” ပါ ပုဒ်မ၊ (၂၉)၊ ပုဒ်မ(၃၀)၊ ပုဒ်မ (၃၁) နှင့် ပုဒ်မ(၃၂) တို့တွင် “မည်သူမျှ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ် ကိရိယာကို ပြည်တွင်းသို့ တင်သွင်းရန်နှင့် ပြည်ပသို့ တင်ပို့ရန် ကြိုတင် ခွင့်ပြုချက်၊ မှတ်ပုံတင်‌ လက်မှတ် လျှောက်ထားခြင်း နှင့် လိုင်စင်မရှိဘဲ တင်သွင်းခြင်း၊ တင်ပို့ခြင်း လက်ဝယ် ထားရှိခြင်း၊ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် ဌာနမှဆက်လက် သုံးစွဲရန်မသင့်ဟု သတ်မှတ်ထားသည်ကို ဆက်လက်၍ လက်ဝယ် ထားရှိခြင်း၊ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ” ဟု တားမြစ် ပြဋ္ဌာန်းထားပါသည်။

Ref: Atomic Energy Law(English)

Ref: Atomic Energy Law(Myanmar)

OBJECTIVES

The main objectives of DAE are as follows:

To carry out research works for the development of nuclear technology in the country

To carry out research, development and training in the field of atomic energy

To protect radiation hazards or to implement nuclear radiation protection

To coordinate with Government and Private Sectors for their nuclear technology applications and promotion

Facilities and Services

Radiation Measurement Laboratory
This facility is equipped with radiation detectors, spectrometer for high resolution spectrometry, X-ray fluorescence analysis (using both isotope sources and tube excitation), air samples for environmental monitoring.

Read More

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အများပြည်သူသို့ အသိပေးကြေညာချက်

၁။       အဏုမြူစွမ်းအင်ဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ လက်ကိုင်ဖုန်းများကို SMS များ ပေးပို့ကာ “ဝန်ဆောင်မှုများအပေါ် ပြည်သူများ၏ သဘောထားမှတ်ချက်များ တုံ့ပြန်ပေးနိုင်ရေး အတွက် ဖြေကြားပေးနိုင်ပါရန်” မေးခွန်းများ မေးမြန်းပြီး ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှုများ အရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ယင်းသို့ SMS ပေးပို့၍ မေးမြန်းရာတွင် Short Code “1111” ကို အသုံးပြု သွားမည်ဖြစ်ပါကြောင်းနှင့် လူကြီးမင်း၏လက်ကိုင်ဖုန်းသို့ “1111” ဖြင့် SMS ဝင်လာပါက ပြန်လည်ဖြေဆိုပေးခြင်းအားဖြင့်ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း အသိပေး နှိုးဆော်တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့

 အဏုမြူစွမ်းအင်ဦးစီးဌာန

 ၀၆၇-၃၄၀၄၄၆၂

“အဂတိတရားကင်းစင်ရေး ‘1111’ ကိုပြန်ကြားပေး”
“ ဝန်ဆောင်မှုများကောင်းစေဖို့ ‘1111’ ကိုပြန်ဖြေစို့”

DAE Policy, Mission & Prodecure

အဏုမြူစွမ်းအင်ဦးစီးဌာနအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန် ၁၉၉၇ ခုနှစ်တွင် ဌာနခွဲ (၄)ခု ဝန်ထမ်းအင်အား (၂၁၄) ဉီးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပေါင်းစည်းဖွဲ့စည်းချိန်၌ အဏုမြူစွမ်းအင် ဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန လက်အောက်တွင် အဏုမြူစွမ်းအင်ဌာနအနေဖြင့် ဆက်လက်ရပ်တည်ခဲ့ပါသည်။ ဖွဲ့စည်းပုံအင်အား (၂၁၃) ဦးဖြင့် ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် အရာထန်း (၃၁) ဦး၊ အမှုထမ်း(၁၆) ဦး စုစုပေါင်း (၄၇) ဦးဖြင့်သာ ဌာနတာဝန်များကို ထမ်းဆောင်နေပါသည်။

လက်ရှိမူလဖွဲ့စည်းပုံသည် လွန်ခဲ့သည့် (၂၀)နှစ်ကျော်က ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အဏုမြူစွမ်းအင်ဥပဒေတွင် ဖော်ပြထားသည့် လုပ်ငန်းတာဝန်များအား ဆောင်ရွက် လျက် ရှိပါသည်။ ၂၀၁၅ ခုနှစ်ခန့်က ပြန်လည်ပြင်ဆင်/ဖျက်သိမ်းရန် လိုအပ်သော ဥပဒေများ ထဲတွင် အဏုမြူစွမ်းအင်ဥပဒေ ပါဝင်ခဲ့ပါသဖြင့် အသစ်၂၀၁၆ ခုနှစ်တွင် နျူကလီးယား ဥပဒေအား ရေးဆွဲခဲ့ပြီး လွှတ်တော်သို့ တင်ပြထားခဲ့ပြီးသော်လည်း ပြဌာန်းနိုင်ခဲ့ခြင်း မရှိသဖြင့် ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။

Read More

Training and human resources

The DAE is composed with four departments:

Radiation Protection Department

Radiation Application Department

Reactor and Isotopes Department

Administration and Finance Department

The current strength of those departments is about 200 employees of which 25% are trainees.