MOST Union Minister observe the non-destructive testing conducted by IAEA experts on the strength of earthquake-damaged buildings

Union Minister for Science and Technology Dr. Myo Thein Kyaw visited and observed non-destructive testing on earthquake damaged MOST buildings conducting by four experts from the International Atomic Energy Agency (IAEA) as well as the MOST, to ensure structural integrity and future safety.

The experts, who were experienced in post-earthquake analysis, had prior postings during the earthquakes in Mexico (2017), Albania (2019), Ecuador (2023) and Syria (2024). Non-destructive testing equipment such as Rebound Detectors, Rebound Hammer (RH), Ground Penetrating Radars (GPR), Ultrasonic Pulse Velocity testing (UPV) and FLIR Cameras were utilized by the joint IAEA-MOST team.

The joint inspection team visited and inspected the Ministry of Labor and the Naypyitaw 1000 bedded General hospital and also conducted a detailed measurement and analysis of the Ministry of Science and Technology’s Human Resource Development Center building with equipment.

ဧပြီ ၂၉၊ ၂၀၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ငလျင် ဒဏ်သင့် အဆောက်အဦများ၏ ကြံ့ခိုင်မှုများအား IAEA မှ ပညာရှင်များက Non–Destructive Testing မူရင်းမပျက် တိုင်းတာစစ်ဆေးမှုများကို လေ့လာကြည့်ရှု

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး‌ ဒေါက်တာ မျိုးသိန်းကျော်သည် ငလျင်ဒဏ်ကြောင့် ‌သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဆောက်အဦများ ပြိုကျပျက်စီးခြင်းနှင့်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် မူရင်းမပျက်တိုင်းတာစစ်ဆေးခြင်း၊ အဆင့်မြင့်နည်းပညာများ အသုံးပြု ပြီး အဆောက်အဦ များ၏ကြံ့ခိုင်မှုကို အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)မှ ငလျင်သဘာဝဘေး လေ့လာဆန်းစစ်မှုအတွေ့အကြုံရှိ ကျွမ်းကျင် ပညာရှင် ၄ ဦးနှင့် ပြည်တွင်းပညာရှင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုင်းတာစစ်ဆေး နေမှုကို လေ့လာကြည့်ရှုခဲ့ပါသည်။

အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)မှ ပညာရှင်များသည် မက္ကဆီကို (၂၀၁၇)၊ အယ်လ်ဘေးနီးယား (၂၀၁၉)၊ အီကွေဒေါ (၂၀၂၃)၊ ဆီးရီးယား(၂၀၂၄) ငလျင်ဘေးများတွင် တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရသူများဖြစ်ပြီး Non-destructive testing (NDT) မူရင်းမပျက် တိုင်းတာစစ်ဆေးမှု နည်းပညာကို အသုံးပြုပြီး ခေတ်မီတိုင်းတာရေး စက်ပစ္စည်း များ ဖြစ်သည့် Rebound detector Rebound hammer (RH)၊ Ground Penetrating Radar (GPR)၊ ultrasonic pulse velocity (UPV)၊ FLIR Camera တို့ကို အသုံးပြု စစ်ဆေးခဲ့ကြပါ သည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနနှင့် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံတို့ကို မျက်မြင်သွားရောက်စစ်ဆေးခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန အဆောက်အဦတို့ကို စက်ပစ္စည်းများဖြင့် အသေးစိတ်တိုင်းတာ လေ့လာဆန်းစစ် ခဲ့ကြကြောင်း သိရှိရပါသည်။