
၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် Obninsk, Rosatom Technical Academy တို့မှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် International Youth Nuclear Forum ကို ရုရှားနိုင်ငံ၊ Obninsk မြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Forum ကို နျူကလီးယားသိပ္ပံနှင့်နည်းပညာရဲ့ အနာဂတ်မှာ ဘာတွေရှိလာမလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားတို့၏ အကျိုးစီးပွားအပေါ် အကြီးမားဆုံးသက်ရောက်မှုရှိသော နည်းပညာများက ဘာတွေဖြစ်လာမလဲ၊ ကမ္ဘာ့ပေါ်တွင် ရေရှည်တည်တံ့သော တိုးတက်မှုအတွက် လူသားစွမ်းရည်ကို မည်သို့ရင်းနှီးမြှုပ်နှံနိုင်မည်နည်းစသည့် နျူကလီးယားစက်မှုလုပ်ငန်းများ၏ အနာဂတ်အတွက်အဓိက အရေးပါသော မေးခွန်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်ပညာရှင်များအား စုဝေးဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ Forum ဖွင့်ပွဲနှင့် ဆွေးနွေးပွဲသို့ University of Information Technology (UIT) မှ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးတို့သည့် နျူကလီးယာနည်းပညာသတင်းအချက်အလက်စင်တာ (ရန်ကုန်) မှ online ဖြင့်တက်ရောက်ပြီး အဏုမြူစွမ်းအင်ဦးစီးဌာန (နေပြည်တော်)မှ ဌါနဝန်ထမ်းများမှနှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ Nuclear Technology ဘာသာရပ်အထူးပြု ကျောင်းသားကျောင်းသူများမှလည်း online စနစ်ဖြင့်တက်ရောက်ခဲ့ကြပါသည်။







