RPO သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံနှင့်အတူ ပူးတွဲရမည့်စာရွက်စာတမ်းများ
၁။ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်အထောက်အထားမိတ္တူ
၂။ ဘွဲ့လက်မှတ် မိတ္တူ (၁)စောင်
၃။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၄။ မိဘ(၂)ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ (၁)စောင်စီ
၅။ ကျန်းမာကြောင်း ဆေးထောက်ခံစာမူရင်း(၁)စောင်
၆။ အကျင့်စာရိတ္တကောင်းမွန်ကြောင်းရပ်ကွက်နှင့်ရဲစခန်း ထောက်ခံချက်မူရင်း(၁)စောင်စီ(နိုင်ငံ့ဝန်ထမ်းဖြစ်က မလို)
၇။ (၆)လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ် (1.5 in x 2 in) ဓာတ်ပုံ(၃)ပုံ
၈။ ဓာတ်ရောင်ခြည်နည်းပညာကို အသုံးပြုသောလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံစာမူရင်း
၉။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာမူရင်း
၁၀။ ပုဂ္ဂလိကဝန်ထမ်း များ ရွေးချယ်ခြင်းခံရပါက သတ်မှတ် ထားသော သင်တန်းကြေးကို အဏုမြူစွမ်းအင်ဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-၀၁၃၇၅၀) သို့ Fax ငွေလွှဲဖြင့် ပေးသွင်းရမည် ဖြစ်ပါသည်။ ပေးသွင်းပြီးသော ငွေသွင်းချလံအား [email protected] သို့ပေးပို့အကြောင်းကြားရမည်။
၁၁။ သင်တန်းတက်ရောက်ရန်လာရောက်သူသည် အထက်ဖော်ပြပါစာရွက်စာတမ်းများ၏ မူရင်းများကို တစ်ပါတည်းယူဆောင်၍တင်ပြရမည်။
မှတ်ချက်။ ။ သင်တန်းလျှောက်လွှာတင်ရာတွင် လိုအပ် သော စာရွက်စာတမ်းများ မပြည့်စုံပါက လုံးဝထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။
