အဏုမြူစွမ်းအင်ဦးစီးဌာန ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ(Radiation Protection Officer) သင်တန်းအပတ်စဉ်(၃)အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

အဏုမြူစွမ်းအင်ဦးစီးဌာန ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ(Radiation Protection Officer) သင်တန်းအပတ်စဉ်(၃)အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

၁။       အဏုမြူစွမ်းအင်ဦးစီးဌာန၊ရန်ကုန်မြို့တွင်  ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ (Radiation Protection Officer) သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်ပါသည်-

(က) သင်တန်းအမည် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိသင်တန်း
(ခ) သင်တန်းဝင်ခွင့်

အရည်အချင်း

သိပ္ပံဘွဲ့တစ်ခုခုရအစိုးရ/ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင်

ဓာတ်ရောင်ခြည်နည်းပညာကိုအသုံးပြု၍တာဝန်ထမ်းဆောင်လျက်ရှိသူ

(ဂ) သင်တန်းကာလ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့မှ (၁၃) ရက်နေ့ အထိ
(ဃ) သင်တန်းချိန် တနင်္လာနေ့မှ သောကြာနေ့အထိ (ရုံးဖွင့်ရက်များအတွင်း)

နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ

(င) သင်တန်းနေရာ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
(စ) သင်တန်းသားဦးရေ (၂၅)ဦး
(ဆ) သင်တန်းကြေး အစိုးရဝန်ထမ်း(သင်တန်းကြေးအခမဲ့)၊

ပုဂ္ဂလိကဝန်ထမ်း(၃၀၀,၀၀၀/)သုံးသိန်းကျပ်

၂။       အဆိုပါသင်တန်း သင်တန်းကို အချိန်ပြည့်နှင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက် နိုင်သူဖြစ်ရမည်။

၃။       လျှောက်ထားလိုသူများအနေဖြင့် ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်းများကို www.daemyanmar.com တွင် ကြည့်ရှုနိုင်ပြီး လျှောက်လွှာအား download ရယူ၍ [email protected] သို့ (၁-၁၀-၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ ရွေးချယ်ခံရသည့် သင်တန်းသားအမည် စာရင်းအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ အဆိုပါ Website တွင် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၄။       သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

စီမံရေးရာဌာနခွဲ-၀၆၇ ၃ ၄၀၄၀၁၆

အဏုမြူစွမ်းအင်ဦးစီးဌာန