အဏုမြူစွမ်းအင်ဦးစီးဌာန ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ(Radiation Protection Officer) သင်တန်းအပတ်စဉ်(၃)အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
၁။ အဏုမြူစွမ်းအင်ဦးစီးဌာန၊ရန်ကုန်မြို့တွင် ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိ (Radiation Protection Officer) သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်ပါသည်-
| (က) | သင်တန်းအမည် | – | ဓာတ်ရောင်ခြည်ကာကွယ်ရေးအရာရှိသင်တန်း |
| (ခ) | သင်တန်းဝင်ခွင့်
အရည်အချင်း |
– | သိပ္ပံဘွဲ့တစ်ခုခုရအစိုးရ/ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင်
ဓာတ်ရောင်ခြည်နည်းပညာကိုအသုံးပြု၍တာဝန်ထမ်းဆောင်လျက်ရှိသူ |
| (ဂ) | သင်တန်းကာလ | – | ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့မှ (၁၃) ရက်နေ့ အထိ |
| (ဃ) | သင်တန်းချိန် | – | တနင်္လာနေ့မှ သောကြာနေ့အထိ (ရုံးဖွင့်ရက်များအတွင်း)
နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ |
| (င) | သင်တန်းနေရာ | – | နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ |
| (စ) | သင်တန်းသားဦးရေ | – | (၂၅)ဦး |
| (ဆ) | သင်တန်းကြေး | – | အစိုးရဝန်ထမ်း(သင်တန်းကြေးအခမဲ့)၊
ပုဂ္ဂလိကဝန်ထမ်း(၃၀၀,၀၀၀/)သုံးသိန်းကျပ် |
၂။ အဆိုပါသင်တန်း သင်တန်းကို အချိန်ပြည့်နှင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက် နိုင်သူဖြစ်ရမည်။
၃။ လျှောက်ထားလိုသူများအနေဖြင့် ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်းများကို www.daemyanmar.com တွင် ကြည့်ရှုနိုင်ပြီး လျှောက်လွှာအား download ရယူ၍ [email protected] သို့ (၁-၁၀-၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ ရွေးချယ်ခံရသည့် သင်တန်းသားအမည် စာရင်းအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ အဆိုပါ Website တွင် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
၄။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
စီမံရေးရာဌာနခွဲ-၀၆၇ ၃ ၄၀၄၀၁၆
အဏုမြူစွမ်းအင်ဦးစီးဌာန
