အဏုမြူစွမ်းအင်ဌာနမှ ပြဋ္ဌာန်းထားသော ဥပဒေများ၊ ဆောင်ရွက်ဆဲဥပဒေမူကြမ်းများ

အဏုမြူစွမ်းအင်ဌာနမှ ပြဋ္ဌာန်းထားသော ဥပဒေများ၊ ဆောင်ရွက်ဆဲဥပဒေမူကြမ်းများ

မြန်မာနိုင်ငံအတွင်း  နျူကလီးယားနည်းပညာ အသုံးပြုမှုဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ  နျူကလီးယား‌ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လူနှင့်ပတ်ဝန်းကျင်တွင် ဓာတ်ရောင်ခြည်သင့််ရောက် မှုမှ  ကာကွယ်ရန်အတွက် အခန်း ၁၄၊ ပုဒ်မ ၃၉ ပါရှိသော အဏုမြူစွမ်းအင်ဥပဒေ(ပူးတွဲ-၁)  ကို ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လက်တွေ့ကျင့်သုံးလျက်ရှိပါသည်။

ယခုအခါ    ‌နျူကလီးယားနည်းပညာအား လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် အသုံးချနေသည့်နိုင်ငံများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန်သာမက နျူကလီးယား လုံခြုံရေးနှင့် နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများကို စနစ်တကျ ထိန်းချုပ်စောင့်ကြပ်နိုင်ရန် မှာလည်း အရေးကြီးသော လုပ်ငန်းဖြစ်သဖြင့် အဏုမြူစွမ်းအင်ဦးးစီးဌာနသည် နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများကို စနစ်တကျထိန်းချုပ်ဆောင်ရွက်သွားနိုင်ရန်နှင့် နျူကလီးယား နည်းပညာကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးချနိုင်ရန်အတွက် နျူကလီးယားဥပဒေတစ်ရပ်ကို  အပြည်ပြည် ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပြဋ္ဌာန်းထားသည့် နျူကလီးယားဥပဒေ၊ စာအုပ်စာတမ်းများ၊ လမ်းညွှန်ချက်များကို မှီငြမ်းကိုးကား၍ ရေးဆွဲ ပြုစုခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ အခန်း ၁၉၊ ပုဒ်မ(၉၂) ပါရှိသော အဆိုပါ နျူကလီးယားဥပဒေ (မူကြမ်း) (ပူးတွဲ-၂) ကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။

ထို့အပြင် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးနည်းဥပဒေ၊ နျူကလီးယားလုံခြုံရေး နည်းဥပဒေနှင့် နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး ဆိုင်ရာ နည်းဥပဒေများကိုလည်း တစ်ပြိုင်တည်း ရေးဆွဲပြုစုလျက်ရှိပါသည်။

နျူကလီးယား ဥပဒေမူကြမ်း ရေးဆွဲအကောင်အထည်ဖော်ဆောင်မှုများ

၂၀၁၆-၂၀၁၇ ခုနှစ်တွင် နျူကလီးယားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်းသည့် ဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

၂၀၁ ခုနှစ်တွင် နျူကလီးယားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်းသည့် ဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ

ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးများ

အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာန၏ အမျိုးသားနျူကလီးယားလုံခြုံရေး စီမံ အုပ်ချုပ်မှုအဖွဲ့ (National Nuclear Security Administration, NNSA)၊ IAEA တို့နှင့် အဏုမြူစွမ်းအင်ဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ