Radiation Protection Officer (RPO) training courses

ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး ဓာတ်ရောင်ခြည်ထွက်ရှိသောလုပ်ငန်းခွင်တွင် ဓာတ်ရောင်ခြည်ဖြင့်ထိတွေ့လုပ်ဆောင်နေရသော ဓာတ်ရောင်ခြည်လုပ်သားများ ဓာတ်ရောင်ခြည်ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ပြည်သူလူထု အား မလိုလားအပ်သည့် ဓာတ်ရောင်ခြည်သင့်မှု မရှိစေရေးအတွက် လိုအပ်သောစည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် ဓာတ်ရောင်ခြည် နည်းပညာ အသုံးပြု လုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင် ဓာတ်ရောင်ခြည် ကာကွယ်ရေးအရာရှိ အဖြစ်ဆောင်ရွက်နိုင်ရေးအတွက် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ အသိပညာများ လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် Radiation Protection Officer Training Course သင်တန်းကို လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ တွင် (၆-၇-၂၀၂၆) ရက်နေ့မှ (၁၇-၇-၂၀၂၆)အထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄)ဦးတက်ရောက်ကြပါသည်။