ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာနခွဲ

ယနေ့ကမ္ဘာပေါ်မှာ နည်းပညာများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လျှက်ရှိရာ နျူကလီးယား နည်းပညာဟာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိိပြီးဖြစ်ပါလိမ့်မယ်။ နျူကလီးယားနည်းပညာဟုဆို ရာမှာ အဏုမြူဗုံးနဲ့လျှပ်စစ်ထုတ်တာကိုဘဲပြေးမြင်နေကြတာမို့ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် တွင်ကျယ်စွာ အသုံးပြုနေမှုများကိုလည်း ပြောပြချင်ပါတယ်။

မြန်မာနိုင်ငံမှာ အဆိုပါနည်းပညာကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းနှင့် ပညာရေး အစရှိသောနယ်ပယ်အသီးသီးတို့မှာ ၁၉၇၀ ခုနှစ်ခန့်ကတည်းက စ၍ အသုံးပြုခဲ့ကြပြီး ကျန်းမာရေးကဏ္ဍမှာဆိုရင် ဒီနည်းပညာကို ပိုမိုကျယ်ပြန့်စွာအသုံးပြုလျက်ရှိကြပေမဲ့ ကုသရေးမှာအသုံးပြုတဲ့ “ဓာတ်မှန်ရိုက်တာ” “ဓာတ်ကင်တယ်” ဆိုတဲ့အရပ်သုံး စကားနဲ့ ပြောနေ ကြတာကြောင့် နျူကလီးယားနည်းပညာကို လူတွေသိသင့်သလောက် မသိကြတာဖြစ်ပါတယ်။

ဓာတ်ရာင်ခြည်ဆိုတာကို အနည်းငယ်ရှင်းပြပါ့မယ်၊ ဓာတ်ရာင်ခြည်ဟာ လူတွေတီတွင်မှုကြောင့် သော်လည်းကောင်း၊ သဘာဝအတိုင်းသော်လည်းကောင်း ထွက်ရှိနေနိုင်ပါတယ်၊ ဓာတ်ရောင်ခြည် အမျိုးအစား များစွာရှိပါတယ်။ ဂမ္မာရောင်ခြည်၊ အိပ်စ်ရေးဓာတ်ရောင်ခြည်နှင့် အယ်လဖာမှုန်၊ ဘီတာအမှုန်၊ နျူထရွန်၊ ပရိုတွန်နှင့် အဏုမြူ အခြေခံမှုန်တို့ ပါဝင်သော ရောင်ခြည်တို့ကို ဆိုပါတယ်။ ယင်းစကားရပ်တွင် အသံလှိုင်း၊ ရေဒီယိုလှိုင်း၊ မြင်နိုင်အလင်း၊ အနီအောက်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်တို့မပါဝင်ပါဘူး။ ထွက်ရှိတဲ့ ဓာတ်ရောင်ခြည် အမျိုးအစားအပေါ်မူတည်ပြီး အောက်ဖော်ပြပါပုံအတိုင်း ဖောက်ထွင်းသွားနိုင်တဲ့ စွမ်းအား ဟာ ကွာခြားမှုရှိပါတယ်။

မျက်မှောက်ကာလမှာ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ နှစ်စဉ်တိုးတက်များပြားလျှက် ရှိကြောင်းသိရှိကြပြီးဖြစ်မှာပါ၊ အဆိုပါဆေးရုံ၊ ဆေးခန်းများတေွမှာ ရောဂါရှာဖွေရာမှာလည်းကောင်း၊ ဆေးကုသရာမှာလည်းကောင်း အသုံးပြုနေတဲ့ အိပ်စ်ရေးဓာတ်ရောင်ခြည် (X-ray) ဟူသည့် စကားလုံးကို ပြည်သူများအနေဖြင့် အတော်အတန် ရင်းနှီးမှုရှိပြီးဖြစ်ပါတယ်။

ဓာတ်မှန်ရိုက်ရင် ဘာတွေဖြစ်ပျက်သလဲလို့ ကြည့်ကြရအောင်ပါ၊ ပုံမှာပြထားတဲ့အတိုင်း အိပ်စ်ရေး ဓာတ်ရောင်ခြည်(X-ray)ဟာ ဖောက်ထွင်းမှုအားမြင့်တာမို့ လူရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဖောက်ထွင်း သွားနိုင်ပါတယ်၊ အဲဒီတော့ အိပ်စ်ရေးဓာတ်ရောင်ခြည် (X-ray)ဟာ လူရဲ့ အသား၊ အရိုး၊ အရည် (ဇီဝဆိုင်ရာဒြပ်ပစ္စည်း) တွေနဲ့တိုက်မိတာကို ဓာတ်ရာင်ခြည်သင့်ရောက်ခံရတယ်လို့ ခေါ်နိုင်ပါတယ်၊ စာစကားနဲ့ပြောရရင် ဓာတ်ရာင်ခြည်သင့်ရောက်ခံရပါက အဆိုပါ ဇီဝဆိုင်ရာဒြပ်ပစ္စည်းတေွထဲမှာ အိုင်းယွန်း အတွဲတေွကို ဖြစ်ပေါ်စေဒါကြောင့် အိုင်းယွန်းဖြစ်ဓာတ်ရောင်ခြည်လို့လဲ တိတိကျကျခေါ်ကြပါတယ်။ ဓာတ်ရာင်ခြည်သင့်ရောက်ခံရတဲ့အခါ လူရဲ့အရေပြားဟာ ပုံပါအတိုင်း သင့်ရောက်တဲ့ ပမာဏပေါ်မူတည်ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေပါတယ်။

ဓာတ်ရာင်ခြည်သင့်ရောက်ခံရတဲ့ အရိုးဟာလည်း ပုံပါအတိုင်း ထိရောက်တဲ့ပမာဏပေါ်မူတည်ပြီး ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေပါတယ်။

ဓာတ်ရာင်ခြည်သင့်ရောက်ခံရတဲ့အခါ သက်ရှိတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ်မူတည်ပြီး ခံနိုင် ရည်ဟာလည်း ကွာခြားမှုရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ချမှတ် ထားသော ဓာတ်ရောင်ခြည်သင့်ရောက်ခံနိုင်မှုပမာဏစံနှုန်းသတ်မှတ်ချက်ကို ကျော်လွန်မှုမရှိစေရန် လိုက်နာ ကျင့်သုံးရပါတယ်။ ဓာတ်ရောင်ခြည်ပမာဏသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်၊ သင့်ရောက် တဲ့ဓာတ်ရောင်ခြည်ပမာဏအပေါ်မူတည်ပြီး ခံစားရမဲ့ အန္တရာယ်အမျိုးမျိုးကိုလည်း အောက်ဖော်ပြပါဇယား မှာ နမူနာအဖြစ် လေ့လာနိုင်ဖို့တင်ပြချင်ပါတယ်။

 

            အသုံးပြုမှု ဓာတ်ရောင်ခြည်ပမာဏသတ်မှတ်ချက်
လုပ်ငန်းခွင်ဆိုင်ရာ

ဓာတ်ရောင်ခြည်လုပ်သား

ပြည်သူလူထု
ထိရောက်သောဓာတ်ရောင်ခြည်ပမာဏ(ခန္ဓာကိုယ်တစ်ခုလုံး) ၂၀မီလီဆီဗက်(ပျမ်းမျှအားဖြင့်တစ်နှစ်အတွင်း) ပြက္ခဒိန်အရ ၅   နှစ် ဆက်တိုက် ၁မီလီဆီဗက်တစ်နှစ် အတွင်း
ဓာတ်ရောင်ခြည်ပမာဏနှစ်စဉ်သင့်ရောက်ခံနိုင်မှုသတ်မှတ်ချက်ထက်နှင့် ညီမျှသော    
မျက်ကြည်လွှာအတွက် ၁၅၀ မီလီဆီဗက် တစ်နှစ်အတွင်း ၁၅မီလီဆီဗက် တစ်နှစ်အတွင်း
အရေပြားအတွက် ၅၀၀ မီလီဆီဗက် တစ်နှစ်အတွင်း ၅၀မီလီဆီဗက် တစ်နှစ်အတွင်း
လက်နှင့် ခြေထောက် ၅၀၀ မီလီဆီဗက် တစ်နှစ်အတွင်း          – ၅၀မီလီဆီဗက် တစ်နှစ်အတွင်း

ဒါဆိုရင် အကျိုးများပေမဲ့ အန္တရာယ်လည်းရှိတဲ့ ဓာတ်ရောင်ခြည်ကို အန္တရာယ်ကင်းရှင်းအောင် ဘယ်လို သုံးသင့်တယ်ဆိုတဲ့မေးခွန်းကို အဏုမြူစွမ်းအင်ဌာနက ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာနခွဲရဲ့ ဆောင်ရွက်ချက်များအနေနဲ့ရှင်းပြ လိုပါတယ်။

(၁)       အဏုမြူစွမ်းအင်ဌာန၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဌာနခွဲသည် ဓာတ်ရောင်ခြည်ထုတ်ပင်ရင်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊ ဓာတ်ရောင်ခြည်ထုတ်စက်(ဓာတ်ရောင်ခြည်ထုတ်ကိရိယာ)တို့ကိုဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို မလိုလားအပ်သော ဓာတ်ရောင်ခြည် သင့်ရောက်မှုမှ ကင်းဝေးစေရေးတို့အတွက် ဆောင်ရွက်လျှက်ရှိပါတယ်။

ဒီလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ဆိုရင် ဓာတ်ရောင်ခြည်ကိုအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်နေမှု တွေကို စနစ်တကျလုပ်ကိုင်ဖို့အတွက် ဥပဒေတွေနဲ့ထိန်းချုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဓာတ်ရောင်ခြည်ကို ဘေးကင်းစွာအသုံးပြုနိုင်ရေးအတွက် လုပ်ကိုင်ပုံနည်းစနစ်တွေကို အပြည်ပြည်ဆိုင်ရာစံတွေနဲ့အညီ ဆောင်ရွက်ဖို့လိုပါမယ်။ အဏုမြူစွမ်းအင်ဌာနဟာ အဏုမြူစွမ်းအင်ဥပဒေ(၁၉၉၈) (ref-link websites or clear version form AGO/MOI) ကိုရေးဆွဲ ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါ အဏုမြူစွမ်းအင်ဥပဒေရဲ့ အခန်း (၁၂)မှာ တားမြစ်ချက်များကို ထည့်သွင်းပြဋ္ဌာန်း ထားပါတယ်။ သိရှိလိုက်နာရမည့် တားမြစ်ချက်အချို့အားလည်းကောင်း၊ အခန်း(၆)မှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်အချို့အားလည်းကောင်း အောက်တွင်ဖော်ပြပေးထားပါတယ်။

အခန်း (၁၂)တားမြစ်ချက်များ

-၂၉။ မည်သူမျှ ဤဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းမရှိလျှင်ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းကို ဦးစီးဌာနက ငြင်းပယ်လျှင်ဖြစ်စေ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို လက်ဝယ်ထားရှိခြင်းမပြုရ။

-၃၀။ မည်သူမျှ လိုင်စင်မရှိဘဲ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည် ထုတ်ကိရိယာကို အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

-၃၁။ မည်သူမျှ ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုရ။

-၃၂။ မည်သူမျှ ဆက်လက်သုံးစွဲရန် သို့မဟုတ် သိမ်းဆည်းထားရန်မသင့်ဟု ဦးစီးဌာနက သတ်မှတ်ထားသည့် နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ် ကိရိယာကို လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

 

အခန်း (၆)ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

-၁၁။(ဇ) နျူကလီးယားပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်း သို့မဟုတ် ရောင်ခြည်ထုတ်ကိရိယာကို-

(၁) လက်ဝယ်ထားရှိခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊

(၂) အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးခြင်း၊

(၃) ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ ကြိုတင်ခွင့် ပြုချက်ထုတ်ပေးခြင်း၊

အဏုမြူစွမ်းအင်ဌာနအနေနဲ့ လုပ်ငန်းတာဝန်များတိကျစွာ အကောင်အထည်ဖော်ပေးရုံသာမက ဓာတ်ရောင်ခြည်အသုံးပြုသောဌာန၊ လူပုဂ္ဂိုလ်နှင့် ယင်းတို့၏ ပါတ်ဝန်းကျင်ကို မလိုအပ်ဘဲ ဓာတ်ရောင်ခြည်သင့်‌ရောက်မှုမရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာစံလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဓာတ်ရောင်ခြည်ကိုအသုံးချ၍ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်တော့မယ်ဆိုရင် သိရှိသင့် သည်များကို ဌာနရဲ့ဝက်ဆိုဒ်www.daemyanmar.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်၊ ဆက်သွယ်ရမဲ့ လိပ်စာ၊ ဖုံး၊ ဖက်စ်၊ အီးမေးတွေကိုအသုံးပြုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အဏုမြူစွမ်းအင်ဌာနအနေနဲ့ ဓာတ်ရောင်ခြည်ထုတ်ပင်ရင်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊ ဓာတ်ရောင်ခြည်ထုတ်စက်(ဓာတ်ရောင်ခြည်ထုတ်ကိရိယာ)တို့ကို လက်ဝယ်ပိုင်ဆိုင်ခြင်း၊ အသုံးပြုခြင်း၊ ပြောင်းရွှေ့ခြင်း၊ သိုလှောင်ခြင်း၊ စွန့်ပစ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ပြန်လည်တင်ပို့ခြင်း၊ တစ်နေရာမှတစ်နေရာသို့သယ်ယူပို့ဆောင်ခြင်း၊ သက်တမ်းတိုးဆောင်ရွက်ခြင်းတို့အတွက် လျှောက်ထား လာသော ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်၊ လိုင်စင်၊ သယ်ဆောင်ခွင့်လက်မှတ်တို့ကို သတ်မှတ်ချက်  များနှင့်အညီ အချိန်မီဆောင်ရွက်ပေးပါတယ်။

ဒါ့အပြင် ဓာတ်ရောင်ခြည်ကိုအသုံးချပြီး လုပ်ငန်းများကို ဆောင်ရွက်မည့် မည်သူကိုမဆို ဥပဒေဆိုင်ရာ လိုအပ်ချက်များအရ ထိန်းချုပ်ပြီး လူနှင့်ပတ်ဝန်းကျင်သို့ ဓာတ်ရောင်ခြည်အန္တရာယ် မကျရောက်စေရေးနှင့် ဓာတ်ရောင်ခြည်လုပ်သားများသို့ ဓာတ်ရောင်ခြည်သင့်ရောက်မှု နည်းနိုင်သမျှ နည်းစေရေးအတွက် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် မွမ်းမံခြင်း၊ ဓာတ်ရောင်ခြည်အသုံးပြု၍ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများအား အဆိုပါလုပ်ထုံးလုပ်နည်း များအတိုင်း လိုက်နာဆောင်ရွက်စေခြင်း၊ လိုက်နာမှုရှိ-မရှိအား ဌာန၏ စစ်ဆေးရေးမှူးမှ လုပ်ထုံးလုပ်နည်း များနှင့်အညီ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ရှောင်တခင်ဝင်​ရောက်စစ်ဆေးခြင်း၊ လိုအပ်သော အချက်အလက်များအား အကြံပြုခြင်း၊ ညွှန်ကြားခြင်း၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း၊ အရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ နည်းပညာ အထောက်အပံ့ပေးရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

လုပ်ငန်းခွင်နှင့်ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်သင့်ရောက်မှုများအား တစ်ဦးချင်းစီအလိုက် စောင့်ကြည့်တိုင်းတာပေးခြင်း၊ ဓာတ်ရောင်ခြည်သင့်ရောက်ခွင့်ပြုနိုင်သော အမြင့်ဆုံးအဆင့်များအား အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်အင်အေဂျင်စီ၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ဓာတ်ရောင် ခြည်သင့်မှုအန္တရယ်မှ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အောက်တွင်ဖော်ပြထား တဲ့ပုံကတော့ ဓာတ်ရောင်ခြည်သင့်ရောက်မှုကို အတတ်နိုင်ဆုံးနည်းအောင် လေျာ့ချနိုင်မဲ့ အခြေခံကျတဲ့နည်းလမ်းများ ဖြစ်ပါတယ်။ အဒါတေွကတော့(၁) ဓာတ်ရောင်ခြည်ပင်ရင်းနဲ့ဝေးနိုင် သမျှဝေး အောင်နေရပါမယ်(၂) ပင်ရင်းနဲ့ အသုံးပြုသူတေွကြားမှာ အမျိုးအစားမှန်ကန်မှုရှိပြီး၊ သင့်တော်သော အထူရှိတဲ့၊ ဓာတ်ရောင်ခြည် ကာပစ္စည်း ထားရှိရပါ့မယ် (၃)ဓာတ်ရောင်ခြည်အသုံးပြုသူ (ဓာတ်ရောင်ခြည် လုပ်သား)ဟာ ပင်ရင်းကိုကိုင်တွယ် အသုံးပြုချိန် နည်းနိုင် သမျှအနည်းဆုံး လုပ်ကိုင်ရပါ့မယ်။

စာစကားနဲ့ပြောရရင် ဘယ်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ ဘေးအန္တရာယ်ကင်းမှု စည်းမျဉ်းတွေကို သိထားရင် လိုက်နာရင် မတော်တဆမှုကင်းပါမယ်။ ခုအခါမှာ ဆန်းသစ်တဲ့နည်းပညာတွေ နဲ့ ဓာတ်ရောင်ခြည်အမျိုးမျိုးကို အသုံးပြုပြီး လူရဲ့ခန္တာအတွင်းပိုင်းကို မခွဲစိတ်ဖြတ်တောက်စရာမလိုဘဲ ပုံရိပ်ဖော်ရောဂါရှာဖွေနည်း တွေပေါ်လာတော့ အသုံးပြုသူ ဆရာဝန် သူနာပြုသာမက လူနာကို ပါဓာတ်ရောင်ခြည် သင့်မှုရှိပါတယ်၊ ဓာတ်ရောင်ခြည်အမျိုးမျိုးနဲ့ ရှာဖွေတွေ့ရှိတဲ့ ရောဂါကို တိကျစွာ ကုသမှု ဆောင်ရွက်နိုင်ပါပြီး ဒါပေမဲ့ ဆရာဝန် သူနာပြုသာမက လူနာကို ပါ ဓာတ်ရောင်ခြည် သင့်မှုရှိနိုင်တယ် ဆိုတာကို သိထားရပါမယ်၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ ဘာတွေကို လိုက်နာရမလဲဆိုတာ သရုပ်ဖော်ပုံမှာ တင်ပြထားပါတယ်၊ အသေးစိတ်တွေက်ုလည်း စာအုပ်စာတမ်းတွေမှာ အလွယ်တကူရှာဖွေ လေ့လာနိုင်ပါကြောင်း ပြောြပပါရစေ။

(၂)       အထက်မှာဖော်ပြထားတဲ့ ဓာတ်ရောင်ခြည်ပါဝင်သော လုပ်ငန်း/လုပ်ဆောင်ချက်တွေကို ခွင့်ပြုမိန့် ရရှိပြီး ဆောင်ရွက်တဲ့အခါမှာလည်း ဓာတ်ရောင်ခြည်နဲ့ထိတွေ့သင့်ရောက်နိုင်တဲ့ဝန်ထမ်း(ဓာတ်ရောင် ခြည်လုပ်သား)တွေအပေါ် ဓာတ်ရောင်ခြည်သင့်ပမာဏကိုလည်း ၂လကို တစ်ကြိမ်နှုန်း စဉ်ဆက်မပြတ် တိုင်းတာ စောင့်ကြည့်အဖြေထုတ်ပေးတဲ့ ဝန်ဆောင်မှုလည်းရှိပါတယ်။ ဓာတ်ရောင်ခြည်လုပ်သား တွေဟာ အခြားသူတွေထက် ကျန်းမာရေးထိခိုက်နိုင်တာမို့ မိမိကိုယ်ကို ဓာတ်ရောင်ခြည်သင့်ရောက် ပမာဏ ဘယ်လောက်ရှိနေတယ်ဆိုတာ သိထားနိုင်ဖို့အတွက်ဌာနက တဉီးချင်းစီ ဓာတ်ရောင်ခြည်သင့်ပမာဏ တိုင်းတာပေးခြင်း ဝန်ဆောင်မှုကို မပျက်မကွက်ရယူဖို့လိုပါတယ်၊ သင့်ရောက်ပမာဏ ရာဇဝင်ကို ၃နှစ်အထိ ထိန်းသိမ်းပေး ထားပါတယ်။

အဏုမြူစွမ်းအင်ဌာန Optically Stimulated Luminescence Dosimetry (OSLD) ကို အသုံးပြုပြီး ဓာတ်ရောင်ခြည်နဲ့ထိတွေ့သင့်ရောက်နိုင်တဲ့ဝန်ထမ်းများရဲ့ ဓာတ်ရောင်ခြည်သင့်ပမာဏကို တိုင်းတာ ပေးတယ်၊ ဒီစနစ်မှာ ပုံမှာဖော်ပြထားတဲ့ကဒ်ကို သူတို့ရဲ့ကိုယ်မှာ အလုပ်ခွင်ထဲရောက်တာနဲ့ တပ်ဆင် ထားရပါမယ်၊  အလုပ်ခွင်ထဲမှာ ဓာတ်ရောင်ခြည် သင့်ရောက်မှုရှိရင် OSLDကဒ် က ဓာတ်ရောင်ခြည် ပမာဏနဲ့ ညီမျှတဲ့ စွမ်းအင်ကို စုတ်ယူပြီး အီလက်တရွန်များစွမ်းအင် အဆင့်ပြောင်းလဲခြင်းဖြစ်စဉ် အရ OSLDကဒ်ထဲက ချပ်ပြားမှာ စုဆောင်းပါတယ်၊ OSLDကဒ်ကို အချိန်စေ့လို့ ပြန်သိမ်း တိုင်းတာ တဲ့အခါ OSLDကဒ်ကို အပူစွမ်းအင်ပေးလိုက်တော့  အီလက်တရွန်များစွမ်းအင် အဆင့်ပြောင်းလဲခြင်းဖြစ်စဉ် အရ စုတ်ယူပြီး စွမ်းအင်ကို အလင်းအဖြစ်ထုတ်ပေးတာမို့  ညီမျှတဲ့ ဓာတ်ရောင်ခြည် ပမာဏ ကို သိနိုင်ပါတယ် အလင်းဖြင့်နှိုးဆွတဲ့ နည်းပညာသုံး ဓာတ်ရောင်ခြည်သင့်ပမာဏတိုင်းတာခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အလင်းဖြင့်နှိုးဆွတဲ့ နည်းပညာသုံးထားတာမို့လို့ တိုင်တာမှုမြန်ဆန်ပြီးတိကျမှုလည်းရှိပါတယ်၊ အပြည်ပြည် ဆိုင်ရာ အသိမှတ်ပြုနည်းလမ်းဖြစ်တဲ့အပြင် ပုံမှန်စံကိုက်မှုလည်းရှိပါတာမို့ ယုံကြည်စိတ်ချရပါတယ်။ ကွန်ပြူတာနဲ့ တိုင်းတာတာမို့ အချက်အလက်ကို စနစ်တကျ တိုင်တာ အဖြေထုတ် သိမ်းဆည်းပေး နိုင်ပါတယ်။

(၃)       အဏုမြူစွမ်းအင်ဌာနဟာပြည်ပသို့တင်ပို့မည့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက်ကုန်များ တွင် ရေဒီယိုသတ္တိကြွမှုအဆင့်အား တိုင်းတာပေးခြင်းကိုလည်း ဝန်ဆောင်မှုပေးပါတယ်။

ဥပမာအားဖြင့် လူသားတွေအနေနဲ့ နျူကလီးယားနည်းပညာကိုအကျိုးရှိစွာအသုံးချမှု ကျယ်ပြန့် လာစဉ်မှာဘဲ အဏုမြူဗုံး လျှိူ့ဝှက်စမ်းသပ်ဖောက်ခွဲမှုကြောင့်လည်းကောင်း၊ ဓာတ်ပေါင်းဖိုနဲ့ နျူကလီးယား အဆောက်အအုံတွေရဲ့ မတော်တဆဖြစ်မှုကြောင့်လည်းကောင်း၊ ရေဒီယိုသတ္တိကြွနေတဲ့အမှုန်တွေဟာ လေထု၊ ရေထုနဲ့ မြေထုထဲသို့ အကြောင်းအမျိုးမျိုးနဲ့ ပြန့်နှံ့ရောက်ရှိသွားပါတော့တယ်။ အဲဒီ ညစ်ညမ်းပေကျံသွားတဲ့ လေထု၊ ရေထုနဲ့ မြေထုကို အမီပြု ရှင်သန်ပေါက်ပွားကြတဲ့ အပင်နဲ့ သတ္တဝါ တွေမှာလဲ ရေဒီယိုသတ္တိကြွ နေတဲ့အမှုန်တွေဟာရောက်ရှိလာပြီး အကျိုးဆက်ကတော့ အစာကွင်းဆက် ကနေပြီး လူတွေစားသုံးမဲ့ အစားအစာတွေထဲထိ မပျက်မယွင်း ပါလာပါတော့တယ်။ ဒါကြောင့် စားသောက်ကုန်တွေ တင်ပို့တင်သွင်းတဲ့အခါမှာ အချို့သောနိုင်ငံများက ရေဒီယိုသတ္တိကြွညစ်ညမ်းမှု မရှိသော/ကင်းသော အစားအစာဖြစ်ကြောင်း တိုင်းတာစစ်ဆေးမှုပြုလုပ်ပြီးမှ တင်သွင်း၊ တင်ပို့၊ ဖြန့်ဖြူးမှုကို ခွင့်ပြုကြပါတယ်။ ဒါ့ကြောင့်ဌာနအနေနဲ့ ပြည်ပသို့တင်ပို့မည့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက် ကုန်များတွင် ရေဒီယိုသတ္တိကြွမှုအဆင့်အား တိုင်းတာပေးခြင်းကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြလို ပါတယ်။

(၄)ဒါ့ပြင် အန္တရာယ်ဖြစ်စေတတ်သော ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ လုပ်ငန်းပြီးဆုံးလို့ မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းများအတွက် အန္တရာယ်ကင်းရှင်းစွာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်အင်အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ထုတ်ပိုးခြင်းနှင့် အဆိုပါပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင် ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လမ်းညွှန်မှုပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျှက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည်ပင်းရင်း(ရေဒီယိုအိုင်ဆိုတုပ်)ကိုအများဆုံး အသုံးပြုတဲ့ကဏ္ဍတွေ ကတော့ အောက်မှာဖော်ပြထားတဲ့ပုံများဖြစ်တဲ့ ကျန်းမာရေးနဲ့ စက်မှု ကဏ္ဍတို့ဘဲဖြစ်ပါတယ်၊ ကျန်းမာရေး မှာဆိုလည်း ရေဒီယိုသတ္တိကြွပြင်းအားမြင့် အိုင်ဆိုတုပ်တွေကို ကင်ဆာကုသရာမှာ သုံးပါတယ်။ ဒီစက်တွေ မှာသုံးတဲ့ အိုင်ဆိုတုပ်တွေဟာ သက်တမ်းကုန်ရင် လဲလှယ်ရပါတယ်၊ အဟောင်းကိုပြန်လည်တင်ပို့ရာမှာ လည်း ရေဒီယိုသတ္တိကြွမှုအန္တရာယ်ရှိနေဆဲဘဲမို့ ဝယ်ယူခဲ့တဲ့ မူရင်းနိုင်ငံဆီ ပြန်တင်ပို့ရပါတယ်။

စက်မှုကဏ္ဍမှာဆိုရင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာ အိုင်ဆိုတုပ်တွေကို တွင်ကျယ်စွာ သုံးပါတယ်။ သူ့မှာလည်းကျန်းမာရေးသုံးပစ္စည်းတေွမှာလိုဘဲ သက်တမ်းကုန်ရင် ပြန်လည်တင်ပို့ရပါတယ်၊ အဲဒီအခါ တင်သွင်းတုန်းကလိုပဲ ပြန်လည်တင်ပို့ဖို့ လိုင်စင်လိုပါတယ်၊ အိုင်ဆိုတုပ်များဟာ လိုင်စင်လျောက် ထားစဉ်က ဖော်ပြထားတဲ့အသုံးပြုမဲ့ နေရာမှာဘဲ လုံခြုံစွာရှိနေရပါ့မယ်။ အသုံးပြုမဲ့နေရာမှ ရွှေ့ပြောင်းမယ် ဆိုင်ရင် ဌာနကို အကြောင်းကြားပြီး သယ်ယူရွှေ့ပြောင်းခွင့်လျှောက်ထားရပါမယ်။ အဲဒီ လုပ်ငန်းစဉ်အားလုံး ဟာ စံသတ်မှတ်ချက်များနဲ့အညီ တိကျစွာဆောင်ရွက်ထားမှု ရှိ/မရှိ ဌာနကစစ်ဆေးပြီး ရေဒီယိုသတ္တိကြွမှု ဘေးအန္တရာယ်ကင်းရှင်းမှု၊ လုံခြုံစိတ်ချရမှုရှိမှသာ အသုံးပြုခွင့်လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။