AP-CIT Seminar in Myanmar: List of Attendees 12-14 July 2016 Nay Pyi Taw

နျူကလီးယားလုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက်နှင့် ၎င်း၏ နောက်ဆက်တွဲစာချုပ်နှင့် နျူကလီးယားနှင့် ဆက်စပ်ပစ္စည်းများအား

အမျိုးအစားခွဲခြားခြင်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင် ဦးစီးဌာန၊ ဂျပန်အဏုမြူစွမ်းအင်အေဂျင်စီ(Japan Atomic Energy Agency-JAEA) နှင့် အမေရိကန် ပြည်ထောင်စုစွမ်းအင်ဌာန (Department of Energy-USDOE) တို့ ကြီးမှူး၍   IAEA Additional Protocol ( နျူကလီးယား လုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက် နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်) နှင့် Commodity Identification Training (CIT) (နျူကလီးယားနှင့် ဆက်စပ်ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်း) ဆိုင်ရာ ဆွေးနွေးပွဲကို  နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက်နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ်အား အကောင်အထည်ဖော်ဆောင်ရေး၊့ နျူကလီးယားနှင့်ဆက်စပ် ပစ္စည်းများအား အမျိုးအ စားခွဲခြားနှင့် စပ်လျဥ်း၍ အသိပညာများ ဖလှယ်ရေးနှင့် သတ်မှတ်ထားသော နျုကလီးယားမဟုတ် သည့် ဒြပ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ကိရိယာများအား သွင်းကုန်/ထုတ်ကုန်ဆိုင်ရာ နျူကလီး ယားပစ္စည်းများ ကုန်သွယ်မှုနှင့် စပ်လျဥ်း၍  ညှိနှိုင်းဆွေးနွေး အကြံပြုခဲ့ပါသည်။

မြေအောက်ရေအရင်းအမြစ်ဆိုင်ရာ အစီအစဉ်များနှင့် အိုက်ဆိုတုပ် နည်းပညာအသုံးချခြင်းသင်တန်း

ဧပြီလ ရန်ကုန်မြို့၊နတ်မောက်လမ်း၊ အဏုမြူစွမ်းအင်ဌာန(ရုံးခွဲ) တွင် ရေအရင်းအမြစ်များ စီမံခန့်ခွဲရေးဆိုင်ရာ အိုင်ဆိုတုပ်နည်းပညာအသုံးပြုမှု စီမံကိန်း၊ ကွင်းဆင်းလုပ်ငန်းများလုပ်ဆောင်၍ ရေနမူနာများကောက်ယူခြင်းနှင့် သင်တန်းကျင်းပခြင်း တွင် IAEA မှ ကျွမ်းကျင်သူ၊ ရေအရင်းအမြစ်ဆိုင်ရာတာဝန်ရှိသူများနှင့် မှတ်တမ်းဓာတ်ပုံ

၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ဒေသမှ မြေပေါ် – မြေအောက်ရေနှင့် မြစ်ရေနမူနာများအား ကောက်ယူခဲ့သော မှတ်တမ်းဓာတ်ပုံ