Workshop on Additional Declaration Development and Associated Outreach, 16-20 June 2014 in Nay Pyi Taw

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာန Global Threat Reduction Initative  တို့ ပူးပေါင်း၍  Workshop on Additional Declaration Development and Associated Outreach အား နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်တွင် (၁၆-၆-၂၀၁၄)ရက်နေ့မှ (၂၀-၆-၂၀၁၄)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။               အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နောက်ဆက်တွဲစာချုပ်အရ ကနဦးကြေညာရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများအား နားလည်မှု တိုးတက်လာ စေရန်အတွက် ဖြစ်ပါသည်။