အဏုမြူစွမ်းအင်ဦးစီးဌာနမှ သုတေသနလက်ထောက်(၂)၊ စက်မှုကျွမ်းကျင်(၂)၊ စာရင်းကိုင်(၂) အတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနတွင် သုတေသနလက်ထောက်(၂) (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ စက်မှုကျွမ်းကျင်(၂)(လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ စာရင်းကိုင်(၂)(လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးများ လစ်လပ်လျက် ရှိပါသဖြင့် ဖော်ပြပါ ရာထူးနေရာများ၌ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

စဉ် ခန့်ထားမည့်ရာထူး/

လစာနှုန်း(ကျပ်)

ပညာအရည်အချင်း ခန့်ထားမည့်ဦးရေ
(က) သုတေသနလက်ထောက်(၂)

(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

 

မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (Nuclear Physics/ Physics/ Chemistry/Biochemistry/ Microbiology)   (သို့မဟုတ်)

အင်ဂျင်နီယာဘွဲ့(B.E)(Nuclear Technology/ Chemical)

၁၅
(ခ) စက်မှုကျွမ်းကျင်(၂)

(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

သိပ္ပံဘွဲ့တစ်ခုခု (Nuclear Physics/ Physics/ Chemistry/ Biochemistry/ Microbiology) (သို့မဟုတ်) အင်ဂျင်နီယာဒီပလိုမာ(A.G.T.I)
(ဂ) စာရင်းကိုင်(၂)

(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

စီးပွားရေးဆိုင်ရာဘွဲ့တစ်ခုခု

၂။       လျှောက်ထားသူများသည်-

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     (၁-၁-၂၀၂၃)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၂)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (နိုင်ငံ့ဝန်ထမ်းများဖြစ်ပါက အသက်(၃၅)နှစ် ထက်မကျော်လွန်သူ ဖြစ်ရမည်။)

(ဂ)     နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရမည်။

(ဃ)   ခန့်ထားမည့်ရာထူးအားလုံးအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ကျွမ်းကျင်သူ ဦးစားပေး ရွေးချယ်မည်။

(င)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(စ)     အကျင့်စာရိတ္တကောင်းမွန်ပြီး မည်သည့်နေရာဒေသမဆို သွားရောက်တာဝန်ထမ်းဆောင်နိုင် သူ ဖြစ်ရမည်။

(ဆ)   လျှောက်ထားသူတစ်ဦးလျှင် ရာထူးအလွှာတစ်မျိုးကိုသာလျှောက်ထားရမည်။

(ဇ) ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါကအနည်းဆုံး(၃)နှစ်တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရ မည်။

၃။       လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံစွာဖော်ပြပြီး လျှောက်ထားသူကိုယ်တိုင် လက်မှတ် ရေးထိုးရမည်-

(က)   လျှောက်ထားသည့်ရာထူးအမည်၊

(ခ)     အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊

(ဂ)     မွေးသက္ကရာဇ်နှင့်အသက်၊

(ဃ)   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

(င)     ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ အောင်မြင်ခဲ့သည့်ကျောင်း၊ တက္ကသိုလ်၊

(စ)     မိဘအမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်၊

(ဆ)   အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမားရုံးအမည်၊

(ဇ)     ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊

(ဈ)    ဆက်သွယ်ရန်နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊

(ည)   အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ၊

၄။       လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

(က)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၁ လက်မ x ၁ လက်မ)(၃)ပုံ

(ခ)     နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူမှန်)

(ဂ)     ဘွဲ့လက်မှတ် (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)

(ဃ)   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မိတ္တူမှန်) သို့မဟုတ် နောက်ဆုံးပညာသင်ကြားခဲ့သည့် ကျောင်းထောက်ခံစာ

(င)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်းနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံ ချက်(မူရင်း) (တစ်လအတွင်းရရှိသည့်)

(စ)     အိမ်ထောင်စုစာရင်းမိတ္တူမှန်

(ဆ)   ဝန်ထမ်းဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်နှင့် ဝန်ထမ်းကဒ်မိတ္တူမှန်

(ဇ)     ဝန်ထမ်းမဟုတ်ပါက (၆)လအတွင်းပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ မှန်

၅။       ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်သို့ သို့မဟုတ် အဏုမြူစွမ်းအင်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အမှတ်(၁၂၃) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ သို့ လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍ သော်လည်းကောင်း (၁၆-၁၂-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။

၆။       ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ ခွင့်ပြုလက်မှတ်ပါရှိသည့် လျှောက်လွှာကို မိမိ တာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနမှတစ်ဆင့် ဝန်ကြီးရုံး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အဏုမြူစွမ်းအင်ဦးစီးဌာနသို့ လိပ်မူ၍  (၁၆-၁၂-၂၀၂၂)ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့လျှောက်ထားရမည်။

၇။       သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက်၊ စာရွက်စာတမ်း မပြည့်စုံသည့် လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့်မကိုက်ညီသည့် လျှောက်လွှာများကို (လုံးဝ) ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၈။       သတ်မှတ်ချက်နှင့်ပြည့်စုံသူများသည် ရာထူးများအားလုံး အတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေစာမေးပွဲ နှင့် လူတွေ့စစ်ဆေးခြင်းကို (၂၀-၁၂-၂၀၂၂) ရက်နေ့ နှင့် (၂၁-၁၂-၂၀၂၂)ရက်နေ့ တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၉။       ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းကို အဏုမြူစွမ်းအင်ဦးစီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်၊ ကြော်ငြာသင်ပုန်းတွင်လည်းကောင်း၊Website-www.daemyanmar.com တွင်လည်းကောင်း ကြေညာမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို (၁၉-၁၂-၂၀၂၂)ရက်နေ့တွင် အဏုမြူစွမ်းအင်ဦးစီးဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော်နှင့် အဏုမြူစွမ်းအင်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အမှတ်(၁၂၃) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ တို့တွင် ရုံးချိန်အတွင်း ထုတ်ပေးမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်ပါသည်။

၁၀။     ရာထူးအားလုံးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းနှင့် လူတွေ့နှင့်ကျွမ်းကျင်မှုစစ်ဆေးခြင်းကို ဖြေဆိုရမည့်နေရာနှင့် အချိန်စာရင်းကို ဖြေဆိုခွင့်ကဒ်ပြား ထုတ်ယူသည့်နေ့တွင် အသိပေး အကြောင်းကြား မည်ဖြစ်ပါသည်။

၁၁။     အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၂၁)၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ စီမံခန့်ခွဲရေးဌာန (နေပြည်တော်) တယ်လီဖုန်းနံပါတ်- ၀၆၇-၃၄၀၄၀၁၆ နှင့် အဏုမြူစွမ်းအင်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အမှတ်(၁၂၃) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ တယ်လီဖုန်း နံပါတ်- ၀၁-၉၅၄၆၂၆၁ တို့တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနှင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

အဏုမြူစွမ်းအင်ဦးစီးဌာန