Awareness Workshop on the Chemical Weapons Convention 25-29 August 2014

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာ အဖွဲ့အစည်း (Organization for the Prohibition of Chemical Weapons- OPCW) မှ ကြီးမှူး၍ ဓာတုလက်နက် တားဆီးရေးစာချုပ်ဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲအား (၂၅-၈-၂၀၁၄)ရက်နေ့မှ (၂၇-၈-၂၀၁၄)ရက်နေ့ထိ နေပြည်တော်တွင်လည်းကောင်း၊ (၂၈-၈-၂၀၁၄) ရက်နေ့မှ (၂၉-၈-၂၀၁၄)ရက်နေ့ထိ ရန်ကုန်မြို့တွင် မြန်မာ့ပိုးသတ်ဆေးစက်ရုံတွင်လည်းကောင်း ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာ သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအနေဖြင့် ဓာတု လက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ သိရှိ နားလည်လာစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင်ရာတွင် လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် အတွက် ဖြစ်ပါသည်။