5th Annual Meeting of Asia Pacific Safeguards Network, 1-5 September 2014 , Nay pyi Taw

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Asia-Pacific Safeguards Network တို့ ပူးပေါင်း၍ (၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို (၁-၉-၂၀၁၄)ရက်နေ့မှ (၄-၉-၂၀၁၄)ရက်နေ့ထိ နေပြည်တော်တွင်လည်းကောင်း၊ (၅-၉-၂၀၁၄)ရက်နေ့တွင် ရန်ကုန်မြိ့တွင် Cultural Visit ကိုလည်းကောင်း ပြုလုပ်ခဲ့ပါသည်။  အစည်းအဝေးတွင် အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိ APSN အဖွဲ့ဝင်နိုင်ငံများမှ ဆောင်ရွက် လျက်ရှိသည့် နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး (Safeguards) ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းရေး၊ နျူကလီးယား လုံခြုံရေး၊ နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ၊ ထိန်းချုပ်စောင့်ကြပ်ရေးတို့ ဟန်ချက်ညီစေရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။