IAEA Additional Protocol Implementation

အပြည်ပြည်ဆိုင်ရာ နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်းအတွက် စည်းမျဉ်းဥပဒေရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် အမေရိကန်ပြည်ထောင်စု စွမ်းအင်ဌာန အမျိုးသားနျူကလီးယား လုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့တို့ ကြီးမှူး၍   အပြည်ပြည်ဆိုင်ရာ နျူကလီးယား လုပ်ငန်းနှင့်လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်းအတွက် စည်းမျဉ်း ဥပဒေရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (International Safeguards Regulatory Workshop) ကို  ၂၀၁၆  ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့၊ Chatrium Hotel တွင် ကျင်းပ ပြုလုပ် နေပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ နျူကလီးယား လုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ခြင်း သဘောတူညီချက်နှင့် ၎င်း၏ နောက်ဆက်တွဲ စာချုပ် အား အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အဏုမြူစွမ်းအင်ဦးစီးဌာနမှ ရေးဆွဲနေ သည့် Nuclear Safety Law နှင့် ဆက်စပ်သည့် Regulation များ ရေးဆွဲရာတွင် လိုအပ်သည့် အခြေခံ အချက်အလက်များအား ရှင်းလင်း ဆွေးနွေး၍ လက်တွေ့ရေးဆွဲရာတွင် သက်ဆိုင်ရာနိုင်ငံ၏ လိုအပ်ချက် များအပေါ် ညှိနှိုင်း၍ အကြံပြုခဲ့ကြ်ပါသည်။