Workshop on State Systems of Accounting and Control, 26-28 August 2013

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် အမေရိကန် ပြည်ထောင်စု၊ စွမ်းအင်ဌာနတို့ ပူးပေါင်း၍  Workshop on State Systems of Accounting and Control အား နေပြည်တော်၊ ရွှေနန်းတော် ဟိုတယ်တွင် (၂၆-၈-၂၀၁၃)ရက်နေ့မှ (၂၈-၈-၂၀၁၃)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် IAEA၏ အပြည်ပြည်ဆိုင်ရာ နျူကလီးယား လုပ်ဆောင် မှုများ ထိန်းချုပ်စောင့်ကြပ်ရေးစာချုပ် (Safeguards Agreement) နှင့် နောက်ဆက်တွဲ စာချုပ် (Additional Protocol) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ နျူကလီးယား ပစ္စည်းများအား စနစ်တကျ စာရင်းပြုစုခြင်းနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခဲ့ပါသည်။