Workshop on Modified Small Quantities Protocol and Additional Protocol 19-21 August 2013

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာနတို့ ပူးပေါင်း၍  Workshop on Modified Small Quantities Protocol and Additional Protocol အား နေပြည်တော်၊ ရွှေနန်းတော် ဟိုတယ်တွင် (၁၉-၈-၂၀၁၃)ရက်နေ့မှ (၂၁-၈-၂၀၁၃)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ Additional Protocol နှင့် Modified Small Quantities Protocol အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ပုံမှန်အစီရင်ခံစာ တင်ပြရမည့် အစီအစဉ်များ၊ လိုအပ်ချက်များ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။