သုတေသနလုပ်ငန်းသုံးပစ္စည်းမျာ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ(၆)လအတွင်း အဏုမြူစွမ်းအင်ဦးစီးဌာနတွင် အသုံးပြုမည့် အောက်ဖော်ပြပါ သုတေသနလုပ်ငန်းသုံးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံး ပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

Lot ပစ္စည်းအမျိုးအစား အရေအတွက်
Lot-1 သုတေသနလုပ်ငန်းသုံးပစ္စည်းများ ၄ မျိုး
Lot-2 ရုံးသုံးစက်ကိရိယာများ ၃ မျိုး
Lot-3 ရုံးသုံးပရိဘောဂများ ၂ မျိုး

၂။       တင်ဒါခေါ်ယူသည့်ပစ္စည်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား အဏုမြူစွမ်းအင်ဌာန၊ ရုံးအမှတ်(၂၁)၊ နေပြည်တော် ကြော်ငြာသင်ပုန်းနှင့် www.daemyanmar.com တွင် ကြေညာထားမည်ဖြစ်ပါသည်။

၃။ တင်ဒါပုံစံ ရောင်းချမည့်ရက်- (၇-၁၀-၂၀၂၁)ရက်မှ (၈-၁၁-၂၀၂၁)ရက်(၁၆:၀၀)နာရီထိ

၄။ အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်- (၈-၁၁-၂၀၂၁)ရက်(၁၆:၀၀)နာရီထိ

၅။ တင်ဒါပုံစံဝယ်ယူ/တင်သွင်းရမည့်နေရာ- အဏုမြူစွမ်းအင်ဦးစီးဌာန၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး
ဌာန၊ နေပြည်တော်

၆။ ဆက်သွယ်ရန်ဖုန်း- ဖုန်း-၀၆၇-၃၄၀၄၅၀၁၊ ၀၆၇- ၃၄၀၄၅၀၂

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ