Workshop on International Safeguards and Additional Protocol, 9-13 January 2013

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာနတို့ ပူးပေါင်း၍ Workshop on International Safeguards and Additional Protocol အား (၉-၁-၂၀၁၃)ရက်နေ့မှ (၁၃-၁-၂၀၁၃)ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် Additional Protocol တွင် ပါဝင်လက်မှတ် ရေးထိုးရန် စီစဉ်သည့်အခါ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များအား ကြိုတင်လေ့လာ ပြင်ဆင်မှုပြုနိုင်ခြင်း၊ Additional Protocol ဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ခြင်း၊ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ လေ့လာ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီဆီလျော်မှုရှိသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။