35th National RCA Representatives Meeting 19-22 March 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ဖြစ်သည့် အာရှနှင့်ပစိဖိတ်ဒေသတွင်း နျူကလီးယား နည်းပညာဆိုင်ရာ သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သင်တန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်၏ (၃၅)ကြိမ်မြောက် National RCA Representatives Meeting အား (၁၉-၃-၂၀၁၃) ရက်နေ့မှ (၂၂-၃-၂၀၁၃)ရက်နေ့ထိ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်တွင် လက်ခံကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် RCA အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် ဒေသတွင်း စီမံကိန်းများအား အတည်ပြု ဆုံးဖြတ်ခြင်း၊ စီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှု အစီရင်ခံစာများ၊ နှစ်ပတ်လည် အစီရင်ခံစာ ပြုစုခြင်း၊ အတည်ပြုခြင်း၊ RCA ၏ မိတ်ဆွေအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ဆွေးနွေးခြင်း စသည့် ကိစ္စရပ်များအား ပြုလုပ်ခဲ့ကြပါသည်။