National Awareness Seminar and Training Course on Physical Protection and Security Management, 21-24 May 2013

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အမေရိကန်ပြည်ထောင်စု၊ စွမ်းအင်ဌာနတို့ ပူးပေါင်း၍ National Awareness Seminar and Training Course on Physical Protection and Security Management အား နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်တွင် (၂၁-၅-၂၀၁၃ရက်နေ့မှ (၂၄-၅-၂၀၁၃)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲနှင့် သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရေဒီယိုသတ္တိကြွ ပင်ရင်းများ၏ ရုပ်ပိုင်းအကာအကွယ်ပြုခြင်းနှင့် လုံခြုံမှုစီမံခန့်ခွဲရေးဆိုင်ရာ အခြေခံဥပဒေသများနှင့် လိုက်နာ ကျင့်သုံး ဆောင်ရွက်မှုများကို နားလည်လာစေရန်အတွက် ဖြစ်ပါသည်။